အဆင့် (၁)
==============
မိမိကွန်ပျူတာရှေ့မှာ
ထိုင်နေရင်း ခါးကို တည့်တည့်မတ်မတ် ထားကာ
လက်နှစ်ဘက်ကို တစ်ချောင်းနှင့်
တစ်ချောင်းယှက်ကာ လက်ဖ၀ါးကို ပြောင်းပြန်လုပ်ကာ မျက်နှာမူရာ ရှေ့တည့်တည်ကို
တွန်းထုတ်ပါ။
ထိုနည်းအတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၂၀ စက္ကန့်အထိ
နှစ်ကြိမ်လုပ်ပါ။
အဆင့် (၂)
==============
ကိုယ်ကို မက်တပ်ရပ်အနေအထားဖြင့် အဆင့်(၁)ပါနည်းအတိုင်း လက်ကိုယှက်ကာအပေါ်အောက် အတင်အချလုပ်ပါ။ ထိုနည်းအတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပေးပါ။
အဆင့် (၃)
==============
- ခြေထောက်ကို အဆင်ပြေသော အနေအထားသို့
ခွဲထားပါ။ ထိုနောက် လက်နောက်ပစ်ကာ တစ်ဘက်လက်ဖ၀ါးကို အခြားဘက်လက်
တစ်ထောင်ဆစ်အထိ ထိအောင် လုပ်ကာ အဆင့် ( ၃ ) တွင် ပါသည့်နည်း အတိုင်း
ဘေးတိုက်တစ်ဘောင်း အနေအထားဖြင့် ဆွဲပါ။ ဘယ် ၊ ညာ နှစ်ဘက် စလုံးကို
အနည်းဆုံး ၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။ အဆင့် (၄)
==============
အဆင့် (၂) ပါနည်းအတိုင်း တစ်ကြိမ် ထပ်မံပြုလုပ်ပေးပါ။ အဆင့် (၅)
==============
လက်နှစ်ဘက်ကို သင့်တင့်သော အနေအထားအတိုင်း ဘေးသို့ ချထားကာ
မိမိ၏ ဘယ် ၊ ညာ ပခုံးနှစ်ဘက်ကို အပေါ်သို့ အတင်အကျလုပ်ပါ။ အဆိုပါ
နည်းအတိုင်း ၃ စက္ကန့် မှ ၃ စက္ကန့် အထိ အရေအတွက် မသတ်မှတ်ပဲ မိမိအဆင်ပြေသည့်
ပုံစံဖြင့် လုပ်ပါ။အဆင့် (၆)
==============
မတ်တပ်ရပ်အနေအထားမှ လက်နှစ်ဘက်ကို
နောက်ဘက် တင်ပါးပေါ်သို့ တင်ကာ တစ်ဘက်လက်မှ အခြားတစ်ဘက်ကို ဆွဲထားကာ
ဦးခေါင်းကို ပုံပါနည်းအတိုင်း ဆွဲတင်ပါ။ ဇာတ်ကြောများ ပျော့ပြောင်းစေရန်
ဖြစ်ပါတယ်။ ယခုနည်းအတိုင်း ၁၀ စက္ကန့် မှ ၁၂ စက္ကန့် အထိ လုပ်ပေးပါ။အဆင့် (၇)
==============
လက်ကို ရင်ညွှန့်ရှေ့သို့ လက်အုပ်ချီလျှက် ပုံစံအတိုင်းထားကာ
အဆိုပါပုံစံအတိုင်း အောက်ဘက်သို့ ဖိချပါ။ တစ်နည်း တက်နိုင်သမျှ အောက်သို့
ရောက်အောင် လုပ်ပါ။ အဆိုပါ နည်းအတိုင်း ၁၀ စက္ကန့်လုပ်ပါ။ အဆင့် (၈)
==============
အဆင့် (၇) ပါပုံစံအတိုင်း လက်ကို ထားကာ လက်ချောင်းလေးများကို ၉၀
ဒီဂရီအတိုင်း ရှေ့သို့ လှည့်ပါ။ လက်ဖမိုးအစုံကို နေရာမရွေ့ရပါ။
ထိုနည်းအတိုင်း ၁၀ စက္ကန့် လုပ်ပါ။အဆင့် (၉)
==============
ကုလားထိုင်ပေါ်မှာ
မတ်မတ်ထိုင်ရင်း လက်တစ်ဘက်ကို အောက်သို့ ချလျှက် ၊ အခြားတစ်ဘက်ကို အပေါ်သို့
တင်လျှက် နည်းဖြင့် တစ်ဘက်စီကို အပြန်အလှန် ၈ စက္ကန့်မှ ၁၀ စက္ကန့်အကြာ
လုပ်ပါ။ အဆင့် (၁၀)
==============
ထိုင်ခုံပေါ် မတ်မတ်ထိုင်းရင် တစ်ဘက်ပေါင်ပေါ်
တစ်ဘက်ခြေကို (တင်ရင်း တစ်ပေါင်ပေါ် တစ်ပေါင်ဆင့်) ဆန့်ကျင်ဘက် လက်တစ်ဘက်က
ဆန့်ကျင်ဘက် ပေါင်ပေါ်က ဒူးခေါင်းကို ကိုင်ကာ ခါးအပါအ၀င် လက်တွေကို
အနောက်ဘက်သို့ လှည့်ပါ။ ထိုနည်းအတိုင်း ဘယ်ညာသို့ တစ်လှည့်စီလုပ်ပါ။ အချိန်
၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။ အဆင့် (၁၁)
==============
ခါးနောက်ဘက်ကို
လက်နှစ်ဘက်ကို ထောက်နှင့် ခါးကို လက်ဖြင့်တွန်းကာ ရှေ့သို့ တွန်းထုတ်ပါ။(တစ်နည်း ရင်ကော့ပါ) ၊ ထိုနည်း အတိုင်း ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပါ။
အဆင့် (၁၂)
==============
မတ်တပ်ရပ် အခြေအထားဖြင့် လက်ချောင်းလေးများ အကြော ပြေ
စေရန်အတွက် လက်ဖျားလေးများကို ခက်ဆက်ဆက်လေး ခါပေးပါ။ ထိုနည်းအတိုင်း ၈
စက္ကန့်မှ ၁၀ စက္ကန့် လုပ်ပါ။Ref : rockcreeksportsclub
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

No comments:
Post a Comment