Monday, November 30, 2015

မျိုး​စောင့်​ ဥပ​ဒေ​ကြောင့်​ပါဗျာ့





မျိုး​စောင့်​ ဥပ​ဒေ​ကြောင့်​ပါဗျာ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက်သည် မြစ်ကမ်းနဘေးရှိ
သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။

ပုဆိန်ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလည်း ၀မ်းနည်းစွာ ငိုကြွေးလေ၏...
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ်   -   ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ..
                    ထိုပုဆိန်နဲ့ပဲ ကျွန်တော် အသက်မွေးရတာပါ အရှင်..
                   အသစ်လည်းမ၀ယ်နိုင်ပါဘူး... ဟု
                  အမှန်အတိုင်းဖြေလိုက်တော့
မြစ်စောင့်နတ်လည်း ........
ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာကာ-
မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ် လည်းငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ်လည်း သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော်
 မြစ်စောင့်နတ်လည်း ကျေနပ်ပြီး သစ်ခုတ်သမား၏ ရိုးသားမှုကို အသိအမှတ်ပြုသောအားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသတည်း။
ကာလအတန်ကြာသော် ထိုသစ်ခုတ်သမားတို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏...
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်ဟာ-ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "သင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....
မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး
ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး ..
"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်" ဟုပြောသော် သစ်ခုတ်သမားက
" ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ "သင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း "မိုးဟေကို" ကိုပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည်။
အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် မြန်မာနိုင်ငံသားဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် မိန်းမတစ်ယောက်ထက်ပိုယူလျင် မျိုးစောင့်ဥပဒေဖြင့် အရေးယူခံရပါတယ်။ ထိုကြောင့် ဘယ်လိုမှ မိန်းမသုံးယောက်ကို တပြိုင်နက်ယူခွင့် မရှိပါ။ ထိုကြောင့် "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ်။"
ထိုအခါ မြစ်စောင့်နတ်လည်း ကြောက်လန့်ပြီး ပျောက်ကွယ်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် မြစ်စောင့်နတ်တွင် ကြင်ယာတော်တစ်ပါးထက် ပိုရှိနေသောကြောင့်ဖြစ်ပါသည်
( Credit to : Original Writer &
Original Cartoonist )
Copy From : Nyi Nyi


ကွန်ပျူတာ ကီးဘုတ်သင်္ကေတာများ


 
Alt + 0153..... ™... trademark symbol 
Alt + 0169.... ©.... copyright symbol 
Alt + 0174..... ®....registered ­ trademark symbol 
Alt + 0176 ...°......degre ­e symbol 
Alt + 0177 ...±....plus-or ­-minus sign 
Alt + 0182 ...¶.....paragr ­aph mark 
Alt + 0190 ...¾....fractio ­n, three-fourths 
Alt + 0215 ....×.....multi ­plication sign 
Alt + 0162...¢....the ­ cent sign 
Alt + 0161.....¡..... ­.upside down exclamation point 
Alt + 0191.....¿..... ­upside down question mark 
Alt + 1.......☺....sm ­iley face 
Alt + 2 ......☻.....bla ­ck smiley face 
Alt + 15.....☼.....su ­n 
Alt + 12......♀.....f ­emale sign 
Alt + 11.....♂......m ­ale sign 
Alt + 6.......♠.....s ­pade 
Alt + 5.......♣...... ­Club 
Alt + 3.......♥...... ­Heart 
Alt + 4.......♦...... ­Diamond 
Alt + 13......♪.....e ­ighth note 
Alt + 14......♫...... ­beamed eighth note 
Alt + 8721.... ∑.... N-ary summation (auto sum) 
Alt + 251.....√.....s ­quare root check mark 
Alt + 8236.....∞..... ­infinity 
Alt + 24.......↑..... ­up arrow 
Alt + 25......↓...... ­down arrow 
Alt + 26.....→.....ri ­ght arrow 
Alt + 27......←.....l ­eft arrow 
Alt + 18.....↕......u ­p/down arrow 
Alt + 29......↔...lef ­t right arrow

နန်းမတော် မယ်နု အုတ်ကျောင်း (မဟာအောင်မြေဘုံစံကျောင်းတော်ကြီး)


နန်းမတော် မယ်နု အုတ်ကျောင်း (မဟာအောင်မြေဘုံစံကျောင်းတော်ကြီး)
……………………………………………
နန်းမတော် မယ်နု အုတ်ကျောင်းကို ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မယ်နုက ညောင်ကန်ဆရာတော် ဦးပို အား တင်လှူပူဇော်ခဲ့သည်။
ဆရာတော် ဦးပို ပျံလွန်တော်မူသောအခါ ဆရာတော် ဦးဗုဓ် အား ထပ်မံလှူဒါန်းခဲ့သည်။
၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော်လည်း နန်းမတော် မယ်နု၏ သမီးဖြစ်သော မင်းတုန်းမင်းကြီး၏ မိဖုရားလည်းဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ပါသည်။
နန်းမတော် မယ်နု ဆောက်လုပ် လှူဒါန်းခဲ့သော မဟာအောင်ပြေဘုံစံကျောင်းခေါ် မယ်နုအုတ်ကျောင်း သည် ဇေတ၀န်ဆောင်နှင့် ပြသာဒ်ဆောင်ပါဝင်သော သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဍာန်တူအောင် တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင် ခေတ်နှောင်းပိုင်း ပန်းရံ ပန်းပု ပန်းတမော့ စသော မြန်မာ့ ဗိသုကာ လက်ရာများဖြင့် ထင် ရှားလှသည်။
အင်းဝ သမိုင်း
………………………………
အင်းဝမြို့ဟောင်းသည် အေဒီ 1364 မှ 1840 အထိ နှစ်ပေါင်း ( ၄၀၀ ) ခန့်
၎ ကြိမ်တိုင်တိုင် မင်းနေပြည် ဖြစ်ခဲ့သော မြို့တော်ဟောင်း တစ်ခုဖြစ်သည်။
ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူခြင်း မပြုမီက မြန်မာနိုင်ငံကို ပြည်ပက Ava အင်းဝ ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
၁၃၆၄ ခုနှစ် ရှမ်းလူမျိုးတို့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနေပြည်တော် ပျက်စီးသွားသောအခါ သတိုးမင်းဖျား ( ၁၃၆၄ - ၁၃၆၈ ) က အင်းဝတွင် မင်းနေပြည်တော် တည်ထောင်ကာ မြို့တော်ကို ရတနာပူရ ဟု သမုတ်ခဲ့သည်။
၁၅၂၇ ခုနှစ် ရွှေနန်းကြော့ရှင် ( ၁၅၀၂- ၁၅၂၇ ) ကို ရှမ်းသိုဟန်ဘွားက လုပ်ကြံခဲ့သည်မှ စ၍ အင်းဝကို ရှမ်းမင်းတို့ အုပ်စိုးခဲ့ကြသည်။
၁၅၅၅ တွင် ဟံသာဝတီ ဆင်ဖြူများရှင် ( ၁၅၅၁- ၈၁ ) က အင်းဝကို တိုက်ခိုက် အောင်မြင်ပြီး အင်းဝတွင် ဘုရင်ခံထား အုပ်ချုပ်စေခဲ့ပြန်သည်။
၁၅၉၃ တွင် အင်းဝဘုရင်ခံ မင်းရဲကျော်စွာဟံသာဝတီ သို့ စုန်ရာတွင် မြို့အဖြစ်မှ ရပ်စဲခဲ့သည်။
၁၅၉၉ တွင် ဟံသာဝတီ ဆင်ဖြူများရှင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းသား ( ၁၅၉၉ - ၁၆၀၅ ) အင်းဝနေပြည်တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။ မြို့တော်ဟောင်းကို အရှေ့ အနောက်နှင့် တောင်အရပ်တို့သို့ တိုးချဲ့ခဲ့သည်။ ရတနာပူရ အမည်ကို ဖျက်ကာ ရွှေဝမြို့ကြီးဟု သမုတ်ခဲ့ပြန်သည်။
၁၇၅၂ ခုနှစ်တွင် မွန်တို့က အင်းဝကို တိုက်ခိုက် အောင်မြင်သိမ်းပိုက်ပြန်သည်။
ကုန်းဘောင်မင်းဆက်မှ တတိယမင်းဆက်ဖြစ်သော ဆင်ဖြူရှင် မြေဒူးမင်း ( ၁၇၆၃- ၁၇၇၆ ) က ၁၇၆၅ တွင် ရတနာပူရ ( အင်းဝ ) မင်းနေပြည်တော်အသစ်ကို တတိယအကြိမ် တည်ခဲ့ပြန်သည်။
ဘိုးတော်ဘုရား ( ၁၇၈၂- ၁၈၁၉ ) နန်းတက်ပြီး ၁၇၈၃ တွင် အမရပူရ နေပြည်တော်သစ်ကို တည်ထောင်ခဲ့ရာ အင်းဝနေပြည်တော် ပျက်သုဉ်းခဲ့ရပြန်သည်။
ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော် ( ၁၈၁၉-၁၈၃၇ ) က ၁၈၂၁ ခုနှစ်တွင် အင်းဝသို့ မင်းနေပြ ည်တော် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
သာယာဝတီမင်း ( ၁၈၃၇- ၁၈၄၆ ) က ၁၈၄၀ ခုနှစ်တွင် အမရပူရ သို့ နေပြည်တော် ပြောင်းရွှေ့သည်မှ စ၍ အင်းဝမြို့ဟောင်းသည် အပြီးတိုင် နေပြည်တော်အဖြစ်မှ ရပ်စဲခဲ့သည်။
သတိုးမင်းဖျား၊ ညောင်ရမ်းမင်းသား၊ ဆင်ဖြူရှင်မြေဒူးမင်း၊ ဘကြီးတော် မင်းတို့သည် အင်းဝကို ပြန်လည်တည် ထောင်သော ရှင်ဘုရင်များ ဖြစ်ကြသည်…
[အင်းဝမြို့ဟောင်း တစ်နေရာ၌ စိုက်ထူထားသော ကမ္ဗည်း ကျောက်စာတိုင် မှ]

Sunday, November 29, 2015

တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
-------------
လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားမျာူ ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည် မင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။
ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။