
မျိုးစောင့် ဥပဒေကြောင့်ပါဗျာ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက်သည် မြစ်ကမ်းနဘေးရှိ
သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။
ပုဆိန်ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလည်း ၀မ်းနည်းစွာ ငိုကြွေးလေ၏...
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ..
ထိုပုဆိန်နဲ့ပဲ ကျွန်တော် အသက်မွေးရတာပါ အရှင်..
အသစ်လည်းမ၀ယ်နိုင်ပါဘူး... ဟု
အမှန်အတိုင်းဖြေလိုက်တော့
မြစ်စောင့်နတ်လည်း ........
ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာကာ-
မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ် လည်းငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ်လည်း သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော်
မြစ်စောင့်နတ်လည်း ကျေနပ်ပြီး သစ်ခုတ်သမား၏ ရိုးသားမှုကို အသိအမှတ်ပြုသောအားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသတည်း။
ကာလအတန်ကြာသော် ထိုသစ်ခုတ်သမားတို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏...
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်ဟာ-ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "သင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....
မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး
ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး ..
"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်" ဟုပြောသော် သစ်ခုတ်သမားက
" ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ "သင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း "မိုးဟေကို" ကိုပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည်။
အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် မြန်မာနိုင်ငံသားဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် မိန်းမတစ်ယောက်ထက်ပိုယူလျင် မျိုးစောင့်ဥပဒေဖြင့် အရေးယူခံရပါတယ်။ ထိုကြောင့် ဘယ်လိုမှ မိန်းမသုံးယောက်ကို တပြိုင်နက်ယူခွင့် မရှိပါ။ ထိုကြောင့် "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ်။"
ထိုအခါ မြစ်စောင့်နတ်လည်း ကြောက်လန့်ပြီး ပျောက်ကွယ်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် မြစ်စောင့်နတ်တွင် ကြင်ယာတော်တစ်ပါးထက် ပိုရှိနေသောကြောင့်ဖြစ်ပါသည်
( Credit to : Original Writer &
Original Cartoonist )
Copy From : Nyi Nyi
Monday, November 30, 2015
မျိုးစောင့် ဥပဒေကြောင့်ပါဗျာ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment